Z3X Box အသုံးပြုနည်း
Samsung
Phone တော်တော်များများ အတွက်
အ၇မ်းသုံးရတာ
အဆင်ပြေ တဲ့ Z3X box ကို ဖုန်း ဆားဗစ် သမားတော်တော် များများသိကြမှာပါ။အသုံးပြုနေသူတွေ လည်း အများကြီး ၇ှိမှာပါ။ဘာတွေ သုံးလို့ရလဲ ?ဘာတွေ လုပ်လို့ ရမလဲ? သိချင်နေကြသူတွေ အတွက်
ကျနော်
သိသလောက်လေး
ဝေမျှပေးခြင်းဖြစ်ပါတယ်။
အမှားတစ်စုံတစ်ရာ
ပါဝင်ခဲ့ပါက
ကျနော့ရဲ့
လေ့လာမှု
အားနည်း ချက်ဖြစ်ပါတယ်။သိပြီးသား ဆရာများ ကျော်သွားကြပါ ခင်ဗျာ။လိုအပ်ချက်များ ရှိရင် လည်း ဆွေးနွေးပေးစေလိုပါတယ် ဆရာများ ခင်ဗျာ..။အဓိကကတော့ အခုမှ စသုံးမယ်. Z3X Box user များ အတွက် ရည်ရွယ်ပါတယ်။ Box စသုံးဖို့ ဘာတွေ လိုမလဲ ? ပထမဆုံး ကတော့ box တစ်လုံး ၀ယ်ရမှာပါ :P :P :P box တစ်လုံး ၀ယ်ပြီးပြီ ထားပါတော့ဗျာ။ ပထမဆုံး အနေနဲ. Z3X shell ကို ဒေါင်းလုပ်ဆွဲပါမယ်။box driver တွေ ဒေါင်းလုပ်ဆွဲပြီး install လုပ်ထားပါမယ်။
ဒီလင့်မှာ ရယူနိုင်ပါတယ်……… Z3X File Download
Run Hardware Wizard ကို ၀င်ပါမယ်။
Register မလုပ်ရသေးတဲ့ box ကို အခုမှ စတင် အသုံးပြုမှာ ဖြစ်တဲ့ အတွက် register card ကို ရွေးထားပြီးသား ဖြစ်ပါမယ်။
ကျနော်တို့ အသုံးပြုမယ့် Z3x box ရဲ. Smart card ကို register လုပ်ပါမယ်။ကျနော်တို့ sky mobile မှ ရောင်းတဲ့ z3x box တွေမှာ samsung Tool နဲ့ Samsung Tool Pro ကို activate လုပ်ပြီးသားဖြစ်လို့
Samsung Tool နဲ့ Samsung Tool Pro သုံးဖို့ register လုပ်ပါမယ်။
card firmware update ပြီးလို. activation ဆက်လုပ်ပါမယ်။
ဒါဆို
ကျန်ာတို့
အသုံးပြုမယ့်
Z3x Box ကို register လုပ်လို့ ပြီးပါပြီ။ activate ဖြစ်မဖြစ် ဒီလိုပြန်စစ်ပါမယ်။
Shell ကိုပိတ်ပြီး ပြန်ဖွင့်ပါမယ်။
Run Hardware Wizad ကို ဖွင့်ပါမယ်။ register လုပ်ပြီးဖြစ်လို့ Show card info မှာ select မှတ်ပြီး ဖြစ်နေပါပြီ။
Samsung
Tool နဲ့
Samsung Tool Pro ကို
စတင်
အသုံးပြုလို့ရပါပြီ။
Z3X shell ကနေ
Samsung Service firmwares တွေကို
download ဆွဲမယ်
Z3X
Shell ကို
ဖွင့်ပါမယ်။
Support Files ကိုသွားပါမယ်။Shell
ကနေပဲ Down မယ်ဆိုရင် Download Method မှာ shell ကိုရွေးထားပါမယ်။ကျနော်ကတော. IDM ကနေ ဆွဲတဲ့ အတွက် Download Method မှာ browser ကိုရွေးထားပါတယ်။Firmware Files တွေ Z3x ရဲ့ driver တွေ setup file update တွေ အကုန်လုံး
Shell ကနေ download ချယူနိုင်ပါတယ်။
Z3X Box နဲ.
Samsung Network Lock တွေဖြေမယ်။
Samsung
Tool Pro နဲ့
Note3 Korea Model ကို
network Lock လေးဖြေကြည့်ပါမယ်ဗျ။
Samsung
Tool Pro ကို
run ပါမယ်။
Model မှာ
N9005 ကိုရွေးပါမယ်။Unlock
ကိုသွားပါမယ်။
Device မှာ usbdebugging on ထားပါမယ်။ unknown source on ထားပါမယ်။ျRoot Access ၇ှိရပါမယ်။
ဖုန်းရဲ့
Dial ကနေ
*#0808# ကိုနှိပ်ပြီး
USB Setting မှာ
MTP+ADB ကနေ
DM+MODEM+ADB ကို
ရွေးပါမယ်။
ပြီးရင်
reboot ချပါမယ်။
Device ကို PC နဲ. ချိတ်ဆက်ပါမယ်။ Unlock click ။ Adb သိသွားတာနဲ့ သူ့ဘာသာ ဆက်လုပ်ပါလိမ့်မယ်ဗျာ။:D :D :D
Disable Factory Mode
Samsung Devcies တွေမှာ ဒီလို စာတွေ တက်နေတာ မြင်ဖူးတွေ့ဖူးကြမှာပါ။ RootExploser ကနေ လည်း ရှင်းလို့ရပါတယ်။Factory Mode Enable ဖြစ်နေတာပါ။Z3X box နဲ. One click ရှင်းလို့ရပါတယ်။
Model မှာ ရွေးပါမယ်။ကျနော်က N7105 နဲ. စမ်းမှာ မို့လို့ N7105 ကိုရွေးပါတယ်။
Repair ကိုသွားပါမယ်။ Device ကို PC နဲ့ ချိတ်ပါမယ်။ Disable Factory Mode ကို click ပါမယ်။Adb driver သိသွားပြီး OK ပြတာနဲ. Reboot ချလိုက်ပါ ။ Factory Mode ကို Disable လုပ်လို့ပြီးပါပြီ။
Firmware Flashing with Z3X
Z3X box နဲ. Firmware flash တာကတော့ သာမာန် Odin နဲ. Flash တဲ့ firmware Files တွေပါပဲ ခင်ဗျ။
Model ရွေး flash ကိုသွားး။Odin မှာရွေး Boot PDA Modem CSC Pits နေရာ ရွေး။ download Mode ၀င် ကြိုးထိုး
Flash ပါပဲ
ခင်ဗျ။
Imei Repairing
Samsung
Devices တွေ
imei null တာတို.
Imei 490000000 ဖြစ်ပြီး လိုင်းမတက်တာတို့ အစ၇ှိတဲ့ error တွေ ဖြေရှင်းဖို့ Z3X box က Imei repairing လုပ်ပေးနိုင်ပါတယ်ဗျ။
Imei
null ဖြစ်နေတဲ့
N7105 တစ်လုံး
နဲ့ ကျနော် စမ်းကြည်. ထားပါတယ်။
Devices မှာ usbdebugging on ပါမယ်။ Unknown Source On ပါမယ်။ Root Access ၇ှိရပါမယ်။
Usb setting မှာ DM+MODEM+ADB ရွေးထားပါမယ်။ Reset EFS အရင်ချပါမယ်။
Reboot ကျပြီး ပြန်တက်လာတာနဲ. Imei အကွက်ဘေးမှာ အမှန်ခြစ်ပြီး ရေးလိုတဲ့ Imei ထည့်ရေးပါ ။ပြီးတာနဲ့ Repair ကို click ပါ။
Imei
repair ပြီးဆုံးပါပြီ။
ခု
ကျနော် ရေးတာတွေ အားလုံးက အခြေ ခံ အသုံးပြုလို့ ရတဲ့ အရာလေးတွေပါ ။အခြားအခြားသော function တွေ သုံးလို့ရတာတွေ အများကြီးကျန်ပါသေးတယ်။ အသုံးပြုဖို့ကတော့ မိမိဘာသာ ဆက်လက်လေ့လာရမှာဖြစ်ပါတယ်။cert read တာ write တာ Qcn read တာ write တာ အစ၇ှိတာတွေ အားလုံးကို ပြည်တွင်းမှာရော ပြည်ပမှာပါ လေ့လာနိုင်တဲ့ နေရာတွေ အများကြီးရှိပါတယ်။
လိုအပ်ချက်များ အမှား
အယွင်းများ
ရှိခဲ့မယ်
ဆိုရင်လည်း
ကျနော့ ရဲ့ အသိအမြင် နည်းပါးမှု ညံ.ဖျင်းမှု ကြောင့်ဖြစ်သောကြောင့် ဆရာ များ အနေဖြင့် ခွင့်လွှတ်နားလည် ပေးစေလိုပါတယ် ဗျာ။
Z3X box ကို စိတ်ဝင်တစား အသုံးဖြုချင်ကြသူတွေ ဘာတွေ အသုံးပြုလို့ရမလဲ သိလိုသူတွေ အတွက် မိတ်ဆက် သဘောမျိုး ပဲ ရည်ရွယ်ပါတယ် ခင်ဗျာ။ဆက်လက် ပြီး အသုံြး့ပုနည်းတွေ သိချင်တယ် ဆိုရင်Facebook paid Group တွေမှာရော အခြားသော သင်တန်းတွေ Forum တွေမှာ ရောသွားရောက် လေ့လာနိုင်ပါတယ် ဗျာ။Box လိုအပ်သူများ Sky mobile ဆိုင်တိုင်းမှာ ၀ယ်ယူရ၇ှိနိုင်ပါတယ်ဗျာ။
တစ်စုံတစ်ရာ
မှားယွင်းခဲ့
ရင် ဆရာများ အားလုံးကို လေးစားတောင်းပန်လျှက်ပါ ခင်ဗျာ
တေဇာအောင်
(sky mobile)