Monday, March 28, 2016

vroot latest 1.8.7.1

Vroot latest version လေးပါ လိုအပ်သူများ ရယူနိုင်ပါပြီ
Vroot DOWNLOAD

Monday, March 21, 2016

Clash Of Clan 8.212.3 update

COC ဆော.ကြတဲ. ဘော်ဒါများအတွက်
21.3.2016 နေ.ထွက် update အသစ်လေးပါ
ရယူလိုသူများ ဒီမှာ ရနိုင်ပါပြီ..........





COC Download Here

Thursday, March 17, 2016

Mobile ဖုန်း Error အဖြေရှာနည်းအပိုင်း (၂)

Mobile ဖုန်းပြုပြင်ရေးကို စိတ်ဝင်စားသော လေ့လာခါစညီငယ်တွေအတွက်ရည်ရွယ်၍အတွေ့အကြုံ
မျှဝေပးခြင်းဖြစ်ပါသည်။သင်ဆရာ မြင်ဆရာ ကြာဆရာ အားလုံးအား ဦးထိပ်ပန်ဆင်လျှက်...
power key နှိပ်လိုက်လို့ မီတာလက်တံ ၂စိပ်ခန့် 0.2 A ထိမီတာလက်တံ တက်လာပြီး Key လွှတ်လိုက်လို့ လက်တံပြန်ကျသွားတဲ့ Error ကို စဉ်းစားရာမှာ ဘုတ်ပြားပေါ်မှာတပ်ဆင်ထားသော Cpu များအလိုက် error ဖြစ်ပုံချင်းတူသော်လည်း error ဖြေရှင်းရာ၌ ဖြေရှင်းပုံချင်းမတူညီကြတာကို လေ့လာတွေ့ရှိရပါတယ် ယခုmobile လောကမှာ အများဆုံးတွေ့မြင်ကြရမဲ့ Cpu အမျိုးအစားများကတော့
MTK ခေါ် MEDIATEK CPU
SPD ခေါ် SPREADTRUM CPU
QUALCOMM CPU
တို့ဖြစ်ပါတယ် အခြား CPU အမျိုးအစားပေါင်းများစွာလည်းရှိပါသေးသည် ရှားပါးပစ္စည်းကဲ့သို့ တွေ့မြင်ရ နည်းသောကြောင့် ဖော်မပြပေးတော့ပါ
ပထမဦးဆုံးအနေနဲ့ MTK ခေါ် MEDIATEK CPU တပ်ဆင်အသုံးပြုထားတဲ့ Mobile ဖုန်းများရဲ့ power key နှိပ်ရင် 0.2A ထိတက်လာပြီး key လွှတ်ရင်ပြန်ကျသွားတဲ့ Error ကို စတင် အဖြေရှာကြည့်ရအောင်ဗျာ
MTK ဖုန်းတွေရဲ့ တချို့ ဖုန်းတွေမှာ power supply နဲ့ power နှိုးမရဘဲ battery နဲ့မှ power နိုးတဲ့ ဖုန်းများရှိကြပါတယ် battery ငုတ်ရဲ့ အလယ်ငုတ်ဖြစ်တဲ့ Bsi ခေါ် Battery status indicator ဘထ္ထရီ ရှိမရှိနှင့် battery ရာခိုင်နှုန်း ထောက်လှမ်းပေးတဲ့ လမ်းကြောင်းဖြစ်ပါတယ် Temp ခေါ် Temperature ဘယ်ထရီကောင်းမကောင်းနှင့် battery ရဲ့ အပူချိန်ကို ထောက်လှမ်းပေးတဲ့ လမ်းကြောင်းဖြစ်ပါတယ် ၄င်း လမ်ကြောင်းပေါ်မှာတပ်ဆင်ထားတဲ့ Resistor များ Diode များ Thermistor များ ရေဝင်ဆားပေါက်ခြင်းကြောင့် ပြုတ်ထွက်ပျက်စီးနေလျှင် power
key နှိပ်လျှင် အမ်ပီအာဆွဲပြီး Key လွှတ်လျှင် ပြန်ကျသော Error နှင့် ဆင်တူနေတက်ပါသည် တချို့ဖုန်းတွေမှာတော့ logo ထိ တက်ပြီး ပြန်ပြုတ်ကျတက်ပါသည် ဥပမာ huawei y511 huawei g610 huawer y325
ဒီတော့ ကျွန်တော်တို့ ယခု error ရှင်းရမဲ့ ဖုန်းဟာ power supply နဲ့ မနိုးဘဲ battery နဲ့မှ နိုးတဲ့ ဖုန်းဖြစ်မယ်ဆိုရင် battery အားအပြည့်သွင်းပြီး စမ်းကြည့်ပါ (အလွယ်နည်း) supply မှ အပေါင်းvol ကို battery အပေါင်းငုတ်မှာ တပ်ဆင်ပြီး supply မှ အနုတ်ငုတ်ကို battery အနုတ်ငုတ်နဲ့ bsi ငုတ် ကို တပါတည်းတွဲပြီး power key နှိပ်ကြည့်ပါ logo ထိပေါ်လာပြီး ပြန်ပြုတ်ကျသွားတက်ပါတယ် နောက်တနည်းအနေနဲ့ battery အလယ်ငုတ် bsi ငုတ်ကို R200 တလုံးခံကာတပ်ဆင်ပေးခြင်းဖြင့် supply နဲ့ power နှိုးနိုင်ပါတယ် သဘောတရားအနေနဲ့ stanby 3.7 ဆိုလျှင် bsi က 3.5 အသုံးပြုထားတဲ့အတွက်ကြောင့်ပါ
ဒီအဆင့်ထိလုပ်ဆောင်ပြီး ဘာမှမထူးခြားလျှင် ဖုန်းမှာ အသုံးပြုထားတဲ့ Cpu ကလဲ Mtk ဖြစ်မယ်ဆိုရင် ၄င်းError ဟာ Software error ဖြစ်နိုင်သလို Hardware error လဲဖြစ်နိုင်ပါတယ် ဒီတော့ Computer ဆီ ပြေကြတာပေါ့ Mtk cpu သုံးတဲ့ ဖုန်းအများစုရဲ့ Firmware တွေဟာ Flash tool firmware နဲ့ update.zip တွေဖြစ်ကြတာကို များသောအားဖြင့်တွေ့မြင်ရပါတယ် ကျွန်တော်ကတော့ Flashtool ကိုဘဲသဘေားကျပါတယ် လိုအပ်တဲ့ firmware ဒေါင်းပါ flashtool နဲ့ flash ပါ
ဒီနေရာမှာ Error ခွဲခြားဖို့ သတိထားစရာလေးတွေရှိပါတယ်
(၁) flash tool နဲ့ flash လို့ Computer မှာ Usb ကြိုးထိုးလို့ ဒုန်ဒုန့် ဆိုတဲ့ Com pot driver Run တဲ့ အသံမကြားရလျှင် flash tool အောက်ခြေမှာ preloder driver အတွက် အနီကြောင်းလေးမပြေးဘူးဆိုလျှင် PM ic ရဲ့ ပြစ်ချက်လို့ အကြမ်းဖျင်းယူဆရပါမယ် Usb ခေါင်းကြောင့်driver မသိတာ ဆိုရင်တော့ usb ခေါင်းကို အစေားကတည်းက ကောင်းအောင်လုပ်ထားပေါ့နော် ဒီတော့ဒီerror အတွက် pm ic ရဲ့ပြစ်ချက်ဟုယူဆကြပါသည် pm ic မလဲခင် pm ic ကြောင့်ဟုတ်မဟုတ် ထပ်မံစမ်းသပ်လို့ရပါသေးသည် power key နှိပ်ထားပြီး pm ic အထွက် vol များအား တိုင်း၍ စစ်ဆေးခြင်း pm ic ကို အပူပေးပြီး စစ်ဆေးခြင်းတို့ဖြစ်ပါတယ် pm ic
မှအထွက်vol ဖြစ်တဲ့ s1 s2 s3 s4 စတဲ့ ကွိုင်လေး လုံးမှ Diagram မှာဆိုလျှင် L201/L202/L203/L204 စသဖြင့်ဖော်ပြထားပြီး 1.2v သော် ၄င်း 2.8 v သော် ၄င်း 1.8 v သော် ၄င်း ပျောက်နေလျှင် လည်း Pm ic ရဲ့ပြစ်ချက် ဟုသတ်မှတ်နိုင်ပါတယ်
နောက်တနည်းအနေနဲ့ Mtk ဖုန်းအများစုမှာ အသုံးပြုထားတဲ့ PM ic များဟာ ခဲပျော်မှတ် အပူ 350 ခန့်ပေးပြီး ic မအေးခင် power key နှိပ်ပါက 0.4=0.6 အထိ မီတာလက်တံမြင့်တက်လာလျှင် Pm ic မကောင်ဟု သက်မှတ်နိုင်ပါတယ် ထို့ကြောင့် ၄င်းerror ကို Pmic အသစ်လဲ၍ ဖြေရှင်းနိုင်ပါသည်
Mtk Cpu နဲ့ တွဲဖက်အသုံးပြုထားတဲ့ pm ic တွေဟာ 0.2A ထိတက်ပြီး လွှတ်ရင်ပြန်ကျတဲ့ error ကို Pm ic အပူပေးရုံဖြင့်တခါတည်း power နိုးသွားတာတွေလည်း ရှိတက်ကြပါတယ် သို့သော် အပူပေးလို့ ပါဝါနိုးတဲ့ Pm ic တွေဟာ ကြာရှည်မခံပါ အသစ်လဲနိုင်လျှင် အကောင်းဆုံးပါ။MTK Cpu နဲ့ တွဲဖက်အသုံးပြုထားတဲ့ Pm ic နံပါတ်များကတော့
MT6323
MT6320
MT6329
MT6318
MT6339
MT6311
MT6326
MT6305
တို့ဖြစ်ကြပါတယ် လက်ညောင်းလို့ Cpu နံပါတ်တွေတော့ မရေးပြတော့ဘူးနော်
(၂) flash tool နဲ့ flash လို့ Computer မှာ
အနီကြောင်း တကြောင်းကိုမြင်ရလျှင် Pm ic ကောင်းသည်ဟု အကြမ်းဖျင်းယူဆနိုင်ပါသည် အနီကြောင်းမှတဆင့် ပန်းရောင် ခရမ်းရောင် အဝါရောင် စတဲ့ အရောင် လေးများပြေးလျှင် Cpu နဲ့ Emmc ကောင်းသည်ဟု ယူဆနိုင်ပါသည်
(၃)flash tool နဲ့ flash လို့ အနီနဲ့ အခြားအရောင်များပြေးပြီး အဝါရောင် မျဉ်းကြောင်းရောက်မှ ရပ်သွားပြီး flashtool မှ error စာသားပြလျှင် Emmc Error ဟုသတ်မှတ်နိုင်ပါသည်။
Software နည်းပညာဟာ ကျယ်ပြန့်လွန်တဲ့ အတွက် firmware နဲ့ flash tool version မကိုက်ရင် error massage box တွေပြတက်ပါတယ် ဥပမာ
error 5054
error 4032
error 4008
error 3149
error 3168
ဆိုပြီး error massage box ပြတိုင်း hardware error လို့တသမက်တည် မသက်မှတ်စေချင်ပါ flash tool version အစုံနဲ့စမ်ပြီးမှသာလျှင် hardware ပြစ်ချက်ကိုစဉ်စားစေချင်ပါတယ်။
တခါတရံ Mtk ဖုန်းများသည် အောက်လွတ်ကျခြင်း power မပိတ်ဘဲ battery ဆွဲဖြုတ်ခြင်း power မပိတ်ဘဲ sim ကဒ် နှင့် memory ကဒ် ဆွဲဖြုတ်မိခြင်းတို့ကြောင့် အကြောင်းပြချက်မရှိ dead သွားသော ဖုန်းများကိုလည်း မျက်မြင်ကြုံတွေ့ဖူးပါသည် ထိုဖုန်းအများစုကတော့ power key နှိပ်လျှင် 0.2A လောက်ထိ တက်ပြီး လွှတ်ရင်ပြန်ကျတက်ပါတယ် ၄င်းဖုန်းတွေကိုတော့ Firmware Flash ရုံဖြင့် ပုံမှန်အတိုင်း အဆင်ပြေသွားတာကိုလည်းကြုံခဲ့ဖူးပါသည်။
ယခု Software error ကြောင့် မဟုတ်ဘဲ 0.2A ထိတက်ပြီး key လွှတ်ရင် ပြန်ကျတဲ့ အခြား Hardware error တွေရှိပါသေးသည် ကြိုးစားပြီး ဆက်လက်ရေးသားပါအုံမည်
အပိုင်း(၃)ကို စောင့်မျှော်ကြပါရန်

 ref : စိုး မင်း ဦး 

https://www.facebook.com/myat.taunggyi

Mobile ဖုန်း Error အဖြေရှာနည်းအပိုင်း (၁)

Mobile ဖုန်းပြုပြင်ရေးကို စိတ်ဝင်စားသော လေ့လာခါစညီငယ်တွေအတွက်ရည်ရွယ်၍အတွေ့အကြုံ
မျှဝေပးခြင်းဖြစ်ပါသည်။သင်ဆရာ မြင်ဆရာ ကြာဆရာ အားလုံးအား ဦးထိပ်ပန်ဆင်လျှက်...
Customer လာအပ်တဲ့ ပါဝါသေ ဖုန်းတလုံးကို စတင်အဖြေရှာကြည့်ရအောင်ဗျာ အရင်ဆုံး Customer ကို ဘယ်လိုစဖြစ်တယ်ဆိုတာ မေးရမှာပေါ့
(၁) သူ့အလိုလိုပိတ်သွားတာ
(၂) အားသွင်းထားရင် ဖြစ်သွားတာ
(၃) ရေထဲပြုတ်ကျတာ
(၄) ဖိမိတာ (သို့) အောက်လွတ်ကျတာ
(၅) ကားကြိပ်ခံရတာ
စသဖြင့် ကြားသိရမှာပါ
(၁)သူ့အလိုလိုပိတ်သွားတဲ့ Error ကိုစဉ်းစားရာမှာ
ကျွန်တော်တို့ ဖုန်းကို Supply နဲ့ချိတ်တဲ့အခါ ပါဝါKey နှိပ်ပြီပေါ့ Key နှိပ်ထားလို့ လုံးဝ အမ်ပီအာ မဆွဲးရင်တော့
Power key မကောင်းတာ
Battery ငုတ်လွတ်တာ
PM ic မှ power key သို့ vol မရောက်ခြင်း Key လမ်းကြောင်းပျက်ခြင်း လို့အကြမ်းဖျင်းယူဆရပါမယ်
Key ခလုတ်ကောင်းမကောင်းအရင်စစ်ဆေးအဖြေရှာရပါမယ် ဖုန်းမှမူလီလေးများမဖြုတ်ခင် Battery တပ်ပြီး Charger ကြိုးထိုးကြည့်ပါ screen မီးလင်းပြီး charger ပုံပြလျှင် Power key မကောင်းလို့ ပါဝါဖွင့်မရတာသေချာပါတယ် သို့သော် တချို့ဖုန်းတွေမှာ Charger ခေါင်းပါပျက်နေတော့ screen မီးမလင်တာတွေရှိပါတယ်
Key လမ်းကြောင်းမှာ Vol ရှိမရှိစစ်ဆေးရပါမယ် Vol ရှိရင်လည်း ဖုန်းအများစုမှာ 1.7=2.0=2.5=2.7=3.5
တို့ထွက်မှသာလျှင် ပါဝါနိုးမှာပါ Vol မရှိလျှင်တော့ Keyလမ်းကြောင်းပေါ်မှ R လေးများကောင်းမကောင်းစစ်ဆေးခြင်း Fet ကောင်းမကောင်းစစ်ဆေးခြင်း ရေဝင်ဆားပေါက်ခြင်းတို့ကြောင့် Key လမ်းကြောင်းပျက်စီးမှုပိုများပါတယ် မီတာ X1 နဲ့ ပျက်တောက်နေတဲ့ လမ်းကြောင်းကို Jumper ပြုလုပ်ဖြေရှင်းနိုင်ပါတယ် ဒါမှအဖြေရှာမတွေ့သေးရင် Pm ic သို့အဝင်လမ်းကြောင်း Vbat လမ်းကြောင်း Stanby Vol ဖုန်းအများစုအတွက် 3.5=3.7 ရှိမရှိစစ်ဆေးရပါမယ် Stanby Vol ရှိပြီး key နှိပ်လို့ အမ်ပီအာ မဆွဲးသေးရင် Samsung model အများစုမှာတော့ Charger ic Reball ပြန်လုပ်ရင်အဆင်ပြေသွားတက်ပါတယ် အခြားဖုန်းအများစုမှာမှာတော့ Pm ic ကို Reball ပြန်လုပ်ရပါမယ် Vol မရှိရင်တော့ Battery ငုတ်ခဲလွတ်တာ သို့မဟုတ် R200 ပျက်စီးတာဖြစ်နိုင်ပါတယ်
ဖုန်းကို Supply နဲ့ချိတ်တဲ့အခါမှာ တီဆိုပြီး Supply ကအသံကြားရင် ဒီဖုန်း ရှော့ဖြစ်တာလို့ ယူဆရပါမယ် ရော့ဖြစ်နိုင်တဲ့နေရာတွေကတော့ Vbet & Vph လမ်းကြောင်းပေါ်က C လေးတွေအဖြစ်များပါတယ် ရှော့ဖြစ်တဲ့ C တွေမှာ ပူတဲ့ C နဲ့ မပူတဲ့ C ဆိုပြီး ၂မျိုးရှိပါတယ် ပူတဲ့C ကတော့ 5A Supply နဲ့ချိတ်ထားရင် ရှော့ ဖြစ်တဲ့ C ပူလာမှာပါ လက်နဲ့သေချားစမ်းခြင်း ခဲငွေ့ရိုက်ခြင်းတို့ဖြင့် အဖြေရှာလို့ရပါတယ် Vph လမ်းကြောင်းပေါ်က C ရှော့ ဖြစ်ရင်တော့ Fet=ac9=cpu=emmc=pmic ထောင့်စွန်း စတာလေးတွေပူလာတက်ပါတယ် မီတာကိုx1မှာထားပြီး C လေးတွေလိုက်တိုင်းကြည့်ပါ ကပစီတာ အများစုဟာ မီတာမှာ X1 ထားပြီးတိုင်လျှင် မီတာလက်တံတဝက်ခန့် မီတာလက်တံတဝက်ကျော် မီတာလက်တံ ဂိတ်ဆုံးထိ ပြတက်ကြပါတယ် ဂိတ်ဆုံးထိတက်တဲ့ C ကိုသတိထားကြည့်ပါ မီတာလက်တံဂိတ်ဆုံးထိတက်ပြီး လုံးဝအနောက်သို့ပြန်မကျပါက ထို C လေးကို ဖြုတ်၍ ပြန်တိုင်းကြည့်ပါ မီတာလက်တံဂိတ်ဆုံးထိတက်ပြီးအနည်းငယ် မီတာလက်တံ ပြန်ကျပါက အကြမ်းဖျင်းကောင်းနိုင်သည်ဟုယူဆပါသည်
ပွင့်ပျက်နေတဲ့ ကပစီတာတွေကို Digital မီတာနဲ့တိုင်းရင် အသံမြည်တဲ့ နေရာမှာချိန်ပြီး ထောက်ကြည့်ရင် တီတီဆိုတဲ့အသံကြားရမှာဖြစ်ပါတယ်
ရှော့ဖြစ်အများဆုံး နေရာတွေကတော့ Backlight ပိုင်း
Network ပိုင်း
PM ic ခဲပူးခြင်း
Samsung ဆိုလျှင် Emmc ခဲပူးခြင်းကြောင့် ဒီError နဲ့ဆင်တူပါတယ်
Huawei မှာ Camera အဝင် 2.8V C လေးများအဖြစ်များပါတယ်
သေချာဂရုတစိုက် Error ကိုအဖြေရှာနိုင်ဖို့အရေးကြီးပါတယ်
တကယ်လို့ Key နှိပ်လို့ အပ်ပီအာ 2A Supply ဆို ၂စိပ်လောက် 5A Supply ဆို 0.5A လောက်တက်ပြီး
Key လွှတ်လိုက်လို့ ပြန်ပြုတ်ကျသွားရင် Error ကတမျိုး
Key လွှတ်လိုက်လို့ ဆက်မတက်ဘဲ ရပ်နေရင် Error က တမျိုး
မတူကြပါဘူး
Key လွှတ်လိုက်လို့ ပြန်ပြုတ်ကျသွားရင် ဒီနေရာမှာ သုံထားတဲ့ Cpu အပေါ်လည်းမူတည်ပါတယ်
Mtk/qualcomm/spd စတဲ့ Cpu ၃မျိုးမှာ
Mtk မှာဆိုရင် ....လက်ညောင်းလို့ နားအုံးမယ်ဗျာ အပိုင်း၂ ကိုစောင့်မျှော်ကြပါရန်...

ref : စိုး မင်း ဦး
https://www.facebook.com/myat.taunggyi/posts/1897529390473338?fref=nf 

Wednesday, March 16, 2016

Samsung 5.1.1 အထက်တွေ အတွက် root မလိုဘဲ မြန်မာစာ ရဖို. fontstye change မယ်

Samsung ဖုန်းတွေမှာ Version 5.1.1 ကနေစပြီး တစ်ချို. modelတွေမှာ Font Style ကနေ မြန်မာစာချိန်းလိုက်ရင် မရတော့ပဲ Uninstall ပဲ တောင်းနေခဲ.ရင် fontstyle ချိန်းဖို. အဆင်ပြေတဲ. application လေးတစ်ခု ၇ှိပါတယ်။
hi font ဆို တဲ. application လေးနဲ. fontstyle change ရင် uninstall မတောင်းဘဲ လွယ်လွယ်ကူကူ နဲ. change လို. ရမှာပါ။

HiFont apk ကို install လုပ်ပြီးတာနဲ့ မိမိဖုန်းထဲမှာ ပေါလာတဲ. Easy Applyဆိုတဲ. shortcut ကလေးကနေ မိမိ change လိုတဲ. Fonts style ကို Change ပြီး root မလို မြန်မာစာ သွင်းလို.ရပါပြီ။

 Hi font application ကို ဒီမှာ download     
ရယူနိုင်ပါတယ်။ 

credit to မူရင်းပိုင်၇ှင်

Monday, March 14, 2016

Miracle Box အသုံးပြုခြင်း



Miracle Box အသုံးပြုခြင်း
MTK devices တော်တော်များများ အတွက် အဆင်ပြေလွန်းလို့ ဆားဗစ်သမား တော်တော်များ အကြိုက်တွေ.ပြီး အ၀ယ်များတဲ့ box တစ်ခု ဖြစ်တဲ့ miracle box စတင် အသုံးပြုနည်းလေးကို ဝေမျှချင်ပါတယ်။သိပြီးသား ဆရာများ အတွက် မရည်ရွယ်ပါ ဘောက်စ်ကို တစ်ခါမှ မသုံးဖူးသေးသူ အခုမှ ဘောက်စ် စတင် အသုံးပြုမယ့်သူများ အတွက် ရည်ရွယ်ပါတယ်။ဆိုင်ကနေ ဘောက်စ်ရောင်းလိုက်ရင် ကျနော် အမြဲ စမ်းပေးပါတယ် register လုပ်ပေးပါတယ်။ဝယ်သွားပြီးအိမ်လည်းရောက်လို့ စမ်းလည်းသုံးကြရော driver မသိတဲ့ error တွေ တက်ကြတယ်ခင်ဗျ။ကျနော်လည်း ပေးလိုက်တဲ့ box driver တွေ စမ်းတင်ကြည့်ခိုင်း သေချာလေး စမ်းခိုင်းကြည့်ပါတယ် ။ detect မသိဘူး ဆိုတာတွေ ချည်းပဲ ဖြစ်တယ်ဗျ။ခေါင်းတွေ မူးနောက်နေအောင် နည်းလမ်းတွေ စဉ်းစား အကြံပေးေ နာက်ဆုံးမှ error ၇ဲ့ အဖြေ ကိုတွေ့ရပါတယ်။
တစ်ချို.က Box မှာ ပါတဲ့ pin out ခေါင်းလေးတွေ နဲ့ ဖုန်းကို box မှာ ချိတ်ရမယ် ထင်ပြီး box မှာ ဖုန်းကို သွားချိတ်ကြပြီး driver မသိဖြစ်ကြတာပါ ။ တကယ်က miracle box  မှာ မချိတ်ရပါဘူး ကွန်ပျူတာက ထွက်တဲ့ Usb cable နဲ့ ချိတ်ရပါမယ် ။ (pinout တွေ နဲ့ ချတ်ဆက်အသုံးပြုတယ် ဆိုရင်တော့ box မှာ ချိတ်ရပါမယ် ကျနော် တော့ အဲလို မသုံးတတ်သေးပါဘူး)။

1.Miracle box စတင် အသုံးပြုခြင်း register လုပ်ခြင်း
Miracle Setup file ကို install လုပ်ပါမယ်။Miracle driver များ miracle mobile driver file လေးများ အားလုံး ကို Install လုပ်ထားပါမယ် ခင်ဗျာ။ box ထဲကနေ setup file  မပါပါဘူး။သူများဆီက ကူးလာတာဖြစ်စေ လိုင်းပေါ်ကဖြစ်စေ ဒေါင်းလုပ်ဆွဲထားရပါမယ် ခင်ဗျာ။(သိတဲ့ သူတွေအတွက်တော့ ဒါထိပြောတာ ရီစရာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ် box ထဲမှာ setuo file မပါလာလို့ ဆိုပြီး ၇န်ပါလုပ်ခံရဖူးလို့ပါ ခင်ဗျ)
Miracle set up ကို install လုပ်ပြီးရင် box ကို box cable နဲ့ ကွန်ပျူတာ မှာ ချိတ်ပါမယ်။အပြာရောင် မယ်မီု၇ီ စတစ်လို dongle လေးကို ကွန်ပျူတာမှာ ထိုးပမယ် ။နောက်ပိုင်းဝင်လာတဲ့ box တွေမှာ box မှာပါတဲ့ Usb အပေါက်မှာလည်း အဲ့ဒီ dongle လေးထိုးလို့ရပါတယ်။ အသုံးပြုမယ့် ကွန်ပျူတာမှာ internet ရှရပါမယ်။Antivirus software တွေ နဲ့ ငြိ တတ်ပါတယ်။ပိတ်ဖို့ လိုအပ်ရင် ပိတ်ထားရပါမယ်။
Miracle setup file ကို ဖွင့်ပြီးသည်နှင့် Register လုပ်ပါမယ်။About>Registration ကိုသွားပါမယ်။Registration Detail မှာ လိုအပ်တဲ့ အရာတွေ ဖြည့်ပါမယ်။
Username  password(ပေးချင်တာပေးပါ)Email Mobile Num ကတော့ အဆင်ပြေပြေဖြည့်လို့ရမှာပါ။ Country & Delear မှာ China GSM Source ကို ရွေးပါမယ်။Register တစ်ချက်နှိပ်လိုက်ပါ ။Successful message ပေါ်လညသည် နှင့် register လုပ်ခြင်း ပြီးဆုံးပါပြီ။

Register လုပ်ပြီး သည်နှင့် check/Update Dongle ကို တစ်ချက်နှိပ်ပေးပါ။
 


Run နေသော Miracle application ကို ပိတ်ပါမယ်။ပိတ်ပြီး ပြန်ဖွင့်ပါမယ်။ About ထဲက About ကိုဆက်သွားပါမယ်။Repair firmware ကို click ပါမယ်။





ခဏစောင့်ပါ Check Authentication အစရှိသည်များ သူ့အလိုလို run ပြီးသည် နှင့် Miracle software ကို စတင် အသုံးပြလို့ရပြီ ဖြစ်ပါသည်။

MTK devices
MTK devices များကို firmware  full files backup ထုတ်နည်းလေး ပြောပြပါမယ် ခင်ဗျ။MTK > Services ကို သွားပါမယ် read  ကိုဆက်သွားပါမယ်။Boot Select မှာ 8th Boot ကိုရွေးထားပါမယ် ( တခါတလေ 11 boot  4 boot စသဖြင့် လိုအပ်ပါက ရွေးရပါသည် ပုံသေ မမှတ်စေလိုပါ) All ကို အမှန်ခြစ်ထားပေးပါ။ Save as scatter file ကို အမှန်ခြစ်ထားပေးပါ။USB cable ကိုအမှန်ခြစ်ထားပေးပါ။Start button ကို နှိပ်ပါ။ power off ထားသော Mtk ဖုန်းကို usb ကြိုးထိုးပြီး ဘက်ထ၇ီထိုးထည့်လိုက်ပါ (သို့) ဘက်ထ၇ီ ထည့် ထားပြီး vol- နှိပ်ပြီး ကြိုးထိုးပါ (သို့)Vol + နှိပ်ပြီး ကြိုးထိုးပါ (သို့) Vol + Vol - နှိပ်ပြီး ကြိုးထိုးပါ (သို့) Miraclr boot Jitg လေးကို usb ကြိုးထိပ်မှာ တပ်ပြီး ဘက်တရီထည့်ပြီး ပါဝါပိတ်ထားသော ဖုန်းကို ထိုးပါ။ဖုန်းကို detect သိသွားပြီးသည်နှင့် read လုပ်လိုသော အပိုင်းမှားကို အမှန်ခြစ်ရွေးစရာ ပေါ်လာပါလိမ့်မည် bakup up ယူမည့် အပိုင်းများ အမှန်ခြစ်ထားပြီးယူရပါမည်။(အရေးတကြီး ယူရမည့် ဖိုင် partition များမှာ auto အမှန်ခြစ်ထားပြီးဖြစ်ပါသည်။) ထို့နောက် မိမိ ဖန်းဝဲ ထားမည့်နေရာ ကိုေ၇ွးပေးပါ။ခဏ အကြာမှာ ရွေးထားသော ဖိုဒါ ထဲ မှာ full backup firmware ရပါပြီ။


Backup ထုတ်ထားသော ဖန်းဝဲ ကို ဘယ်လို ပြန်ရေးမလဲ ?


MTK > Services> Write ကိုသွားပါ။ Boot Select မှာ 8th Boot ကိုရွေးထားပါမယ် ( တခါတလေ 11 boot  4 boot စသဖြင့် လိုအပ်ပါက ရွေးရပါသည် ပုံသေ မမှတ်စေလိုပါ)ဖိုဒါ ပုံလေးမှ သွားပြီး မိမိရေးလိုသော ဖန်းဝဲ မှ scatter file ကိုရွေးပေးပါ။ Bin file firmware ဖြစ်ပါက bin file ကိုရွေးပေးပါ။Start buttom ကို နှိပ်ပါ။backup ထုတ်စဉ်ကအတိုင်း devices နှင့် ချိတ်ဆက်ပါ။ရေးသွားပါလိမ့်မည်။

Mtk devices တွေကို root မယ် patterm read မယ်။usb debugging on မယ်။baseband unknown fix မယ်။
MTK>Unlock/Fix ကို သွားပါ။8th boot ကိုရွေးထားပါ။လုပ်လိုသော function ကိုရွေးပါ။ Start buttom ကို နှိပ်ပါ။power off ထားသော Mtk ဖုန်းကို usb ကြိုးထိုးပြီး ဘက်ထ၇ီထိုးထည့်လိုက်ပါ (သို့) ဘက်ထ၇ီ ထည့် ထားပြီး vol- နှိပ်ပြီး ကြိုးထိုးပါ (သို့)Vol + နှိပ်ပြီး ကြိုးထိုးပါ (သို့) Vol + Vol - နှိပ်ပြီး ကြိုးထိုးပါ (သို့) Miraclr boot Jitg လေးကို usb ကြိုးထိပ်မှာ တပ်ပြီး ဘက်တရီထည့်ပြီး ပါဝါပိတ်ထားသော ဖုန်းကို ထိုးပါ။ဖုန်းကို detect သိသွားပြီးသည်နှင့် လုပ်လိုသော function ကို ဆက်လုပ်သွားပါမည်။


Andriod Adb Mode
Adb Mode အတွက် လည်း တော်တော်လေး အသုံးဝင်ဝင် ထည့်ထားတာ တွေ.ရမှာပါ။ usb debugging on ထားပြီး adb ပေါ်မှာ drive သိတဲ့ devices မှန်သမျှ ဒီ Adb Modes မှာ ပါတဲ့ function များ သုံးလို့ရမှာပါ။
1.Reboot to recovery  -recovery mode ၀င်ဖို့ ခက်နေတဲ့ ဖုန်းများအတွက် adb mode မှာ detect              သိတယ်ဆိုရင် one click နဲ့ recovery mode ကို ရောက်သွားစေမှာပါ။
2.Wipe/factory reset- factory reset ချပေးမှာပါ.။
3.Reset gmail- gmail ကို reset ချပေးစေမှာပါ။
4.Read Patterm Code –patterm lock ခတ်ထားတဲ့ ဖုန်းတွေ ရဲ့ patterm ကို ဂဏန်း နဲ့ သိရအောင် ဖတ်ပေးမှာပါ(usb debugging မ on ထားလဲ တစ်ချို့ ဖုန်း တစ်ချို့ vrsion တွေ မှာ ရပါတယ်။)
5.Reboot fastboot – one click တစ်ချက် နဲ့ fastboot mode ကို ရောက်သွားစေမှာပါ။
6.ROOT(ADB)-root ဖောက်ပေးမယ့် function ပါ။
7.Read Nvram/Write Nvram- Nvram တွေ read write လုပ်နိုင်ပါမယ်။
8.Google Lock remove,Unstall apk,Read gmail ID,backup contacts,Restore contacts,backup App,Restore App,Enable Diag,Repair wifi (MTK),Enable All language,Motorolas FRP reset အစ၇ှိတဲ့ function တွေ အများကြီး သုံးလို့ရမှာပါ။ဒါတွေကတော့ စမ်းသာ ကြည့်ကြစေလိုပါတယ် ။ :P :P :P :P :P

Fastboot  modes
Fastboot mode ကို ၀င်ပြီးတော့လည်း Wipe Userdata ,Wipr cache,Write Data (System, boot, recovery …etc) ,Unlock bootloder,Lock bootloader ,လုပ်နိုင်ပါမယ်။



Samsung
Samsung အတွက်လည်း Sprit Unlock, firmware flashing,Backup Efs,Restore efs,Reset Phone lock အစရှိသဖြင့် function တွေ အများကြီး ပါတဲ့ အနက်မှ အခုလောလောဆယ် အသုံးဝင်တဲ့ အဆင်ပြေဆုံး အရာလေးတစ်ခုကတော့ Samsung device တွေမှာ Frp lock remove ပါ။Otg stick support ပေးတဲ့ devices တွေ အတွက် frp lock ကလွယ်ပေမယ့် Otg support မပါတဲ့ devices တွေ အတွက်ကတော့ စိတ်ညစ်စရာပါ။Samsung frp lock တော်တော်များများကို miracle က လွယ်ကူစွာ ဖျက်ပေးနိုင်ပါတယ်။
1.Devices ကို download mode ၀င်ပါ။
2. PC နဲ့ ချိတ်ဆက်ပါ။SCAN (port ) ပါ။ Mode မှာ downloadmode ၀င်ပါ။
3.Reset Frp ရွေးထားပါ။
4.Usb cableေ၇ွးထားပါ။
5. And then Start Button.Successfully Remove Frp.





ဒါတွေက အသုံးများတဲ့ အရာတွေကို ကျနော် သိသလောက်လေးပြောပြတာပါ။မျက်စိနောက်စရာ ဖြစ်ခဲ့ရင် အမှားများပါခဲ့ရင် တောင်းပန်ပါတယ်။နောက်ထပ် အသုံးပြုလို့ရတဲ့ function တွေ solution တွေ အများကြီးကျန်ပါသေးတယ်။
MTK devices တွေ လိုပဲ SPD devices တွေကိုလည်း read နိုင် write နိုင်ပါသေးတယ်။CDMA /Qualcom/ LG devices တွေ အတွက်လည်း error တစ်ချို့ကို ၇ှင်းနိုင်ပါသေးတယ်။Coolsand/RDA,Master/W ,blackberry တို့ကိုလည်း software error အချို. ၇ှင်းပေးနိင်ပါသေးတယ်။ စိတ်ပါဝင်စားသူများ ဆက်လက်လေ့လာပြီး အသုံးပြုနိုင်ပါတယ်။သိတဲ့ ဆရာများလည်း ဝေမျှစေလိုပါတယ်။ဆိုင်မှာ ကြုံတွေ့ ရတဲ့ box စ အသုံးပြုတဲ့ သူများ အတွက် ရည်ရွယ်ပြီး သိသလောက်လေး ရေးထားတာ ဖြစ်တဲ့ အတွက် အမှားများ လိုအပ်ချက်များ ပါရှိပါက ဆ၇ာများကို အနူးညွတ်တောင်းပန်ပါရစေဗျာ။
                                                                   ဆရာများကို လေးစားလျှက် 
                                                                          

M3 frp

Download