Mobile ဖုန်းပြုပြင်ရေးကို စိတ်ဝင်စားသော လေ့လာခါစညီငယ်တွေအတွက်ရည်ရွယ်၍အတွေ့အကြုံ
မျှဝေပးခြင်းဖြစ်ပါသည်။သင်ဆရာ မြင်ဆရာ ကြာဆရာ အားလုံးအား ဦးထိပ်ပန်ဆင်လျှက်...
power key နှိပ်လိုက်လို့ မီတာလက်တံ ၂စိပ်ခန့် 0.2 A ထိမီတာလက်တံ တက်လာပြီး Key လွှတ်လိုက်လို့ လက်တံပြန်ကျသွားတဲ့ Error ကို စဉ်းစားရာမှာ ဘုတ်ပြားပေါ်မှာတပ်ဆင်ထားသော Cpu များအလိုက် error ဖြစ်ပုံချင်းတူသော်လည်း error ဖြေရှင်းရာ၌ ဖြေရှင်းပုံချင်းမတူညီကြတာကို လေ့လာတွေ့ရှိရပါတယ် ယခုmobile လောကမှာ အများဆုံးတွေ့မြင်ကြရမဲ့ Cpu အမျိုးအစားများကတော့
MTK ခေါ် MEDIATEK CPU
SPD ခေါ် SPREADTRUM CPU
QUALCOMM CPU
တို့ဖြစ်ပါတယ် အခြား CPU အမျိုးအစားပေါင်းများစွာလည်းရှိပါသေးသည် ရှားပါးပစ္စည်းကဲ့သို့ တွေ့မြင်ရ နည်းသောကြောင့် ဖော်မပြပေးတော့ပါ
ပထမဦးဆုံးအနေနဲ့ MTK ခေါ် MEDIATEK CPU တပ်ဆင်အသုံးပြုထားတဲ့ Mobile ဖုန်းများရဲ့ power key နှိပ်ရင် 0.2A ထိတက်လာပြီး key လွှတ်ရင်ပြန်ကျသွားတဲ့ Error ကို စတင် အဖြေရှာကြည့်ရအောင်ဗျာ
MTK ဖုန်းတွေရဲ့ တချို့ ဖုန်းတွေမှာ power supply နဲ့ power နှိုးမရဘဲ battery နဲ့မှ power နိုးတဲ့ ဖုန်းများရှိကြပါတယ် battery ငုတ်ရဲ့ အလယ်ငုတ်ဖြစ်တဲ့ Bsi ခေါ် Battery status indicator ဘထ္ထရီ ရှိမရှိနှင့် battery ရာခိုင်နှုန်း ထောက်လှမ်းပေးတဲ့ လမ်းကြောင်းဖြစ်ပါတယ် Temp ခေါ် Temperature ဘယ်ထရီကောင်းမကောင်းနှင့် battery ရဲ့ အပူချိန်ကို ထောက်လှမ်းပေးတဲ့ လမ်းကြောင်းဖြစ်ပါတယ် ၄င်း လမ်ကြောင်းပေါ်မှာတပ်ဆင်ထားတဲ့ Resistor များ Diode များ Thermistor များ ရေဝင်ဆားပေါက်ခြင်းကြောင့် ပြုတ်ထွက်ပျက်စီးနေလျှင် power
key နှိပ်လျှင် အမ်ပီအာဆွဲပြီး Key လွှတ်လျှင် ပြန်ကျသော Error နှင့် ဆင်တူနေတက်ပါသည် တချို့ဖုန်းတွေမှာတော့ logo ထိ တက်ပြီး ပြန်ပြုတ်ကျတက်ပါသည် ဥပမာ huawei y511 huawei g610 huawer y325
ဒီတော့ ကျွန်တော်တို့ ယခု error ရှင်းရမဲ့ ဖုန်းဟာ power supply နဲ့ မနိုးဘဲ battery နဲ့မှ နိုးတဲ့ ဖုန်းဖြစ်မယ်ဆိုရင် battery အားအပြည့်သွင်းပြီး စမ်းကြည့်ပါ (အလွယ်နည်း) supply မှ အပေါင်းvol ကို battery အပေါင်းငုတ်မှာ တပ်ဆင်ပြီး supply မှ အနုတ်ငုတ်ကို battery အနုတ်ငုတ်နဲ့ bsi ငုတ် ကို တပါတည်းတွဲပြီး power key နှိပ်ကြည့်ပါ logo ထိပေါ်လာပြီး ပြန်ပြုတ်ကျသွားတက်ပါတယ် နောက်တနည်းအနေနဲ့ battery အလယ်ငုတ် bsi ငုတ်ကို R200 တလုံးခံကာတပ်ဆင်ပေးခြင်းဖြင့် supply နဲ့ power နှိုးနိုင်ပါတယ် သဘောတရားအနေနဲ့ stanby 3.7 ဆိုလျှင် bsi က 3.5 အသုံးပြုထားတဲ့အတွက်ကြောင့်ပါ
ဒီအဆင့်ထိလုပ်ဆောင်ပြီး ဘာမှမထူးခြားလျှင် ဖုန်းမှာ အသုံးပြုထားတဲ့ Cpu ကလဲ Mtk ဖြစ်မယ်ဆိုရင် ၄င်းError ဟာ Software error ဖြစ်နိုင်သလို Hardware error လဲဖြစ်နိုင်ပါတယ် ဒီတော့ Computer ဆီ ပြေကြတာပေါ့ Mtk cpu သုံးတဲ့ ဖုန်းအများစုရဲ့ Firmware တွေဟာ Flash tool firmware နဲ့ update.zip တွေဖြစ်ကြတာကို များသောအားဖြင့်တွေ့မြင်ရပါတယ် ကျွန်တော်ကတော့ Flashtool ကိုဘဲသဘေားကျပါတယ် လိုအပ်တဲ့ firmware ဒေါင်းပါ flashtool နဲ့ flash ပါ
ဒီနေရာမှာ Error ခွဲခြားဖို့ သတိထားစရာလေးတွေရှိပါတယ်
(၁) flash tool နဲ့ flash လို့ Computer မှာ Usb ကြိုးထိုးလို့ ဒုန်ဒုန့် ဆိုတဲ့ Com pot driver Run တဲ့ အသံမကြားရလျှင် flash tool အောက်ခြေမှာ preloder driver အတွက် အနီကြောင်းလေးမပြေးဘူးဆိုလျှင် PM ic ရဲ့ ပြစ်ချက်လို့ အကြမ်းဖျင်းယူဆရပါမယ် Usb ခေါင်းကြောင့်driver မသိတာ ဆိုရင်တော့ usb ခေါင်းကို အစေားကတည်းက ကောင်းအောင်လုပ်ထားပေါ့နော် ဒီတော့ဒီerror အတွက် pm ic ရဲ့ပြစ်ချက်ဟုယူဆကြပါသည် pm ic မလဲခင် pm ic ကြောင့်ဟုတ်မဟုတ် ထပ်မံစမ်းသပ်လို့ရပါသေးသည် power key နှိပ်ထားပြီး pm ic အထွက် vol များအား တိုင်း၍ စစ်ဆေးခြင်း pm ic ကို အပူပေးပြီး စစ်ဆေးခြင်းတို့ဖြစ်ပါတယ် pm ic
မှအထွက်vol ဖြစ်တဲ့ s1 s2 s3 s4 စတဲ့ ကွိုင်လေး လုံးမှ Diagram မှာဆိုလျှင် L201/L202/L203/L204 စသဖြင့်ဖော်ပြထားပြီး 1.2v သော် ၄င်း 2.8 v သော် ၄င်း 1.8 v သော် ၄င်း ပျောက်နေလျှင် လည်း Pm ic ရဲ့ပြစ်ချက် ဟုသတ်မှတ်နိုင်ပါတယ်
နောက်တနည်းအနေနဲ့ Mtk ဖုန်းအများစုမှာ အသုံးပြုထားတဲ့ PM ic များဟာ ခဲပျော်မှတ် အပူ 350 ခန့်ပေးပြီး ic မအေးခင် power key နှိပ်ပါက 0.4=0.6 အထိ မီတာလက်တံမြင့်တက်လာလျှင် Pm ic မကောင်ဟု သက်မှတ်နိုင်ပါတယ် ထို့ကြောင့် ၄င်းerror ကို Pmic အသစ်လဲ၍ ဖြေရှင်းနိုင်ပါသည်
Mtk Cpu နဲ့ တွဲဖက်အသုံးပြုထားတဲ့ pm ic တွေဟာ 0.2A ထိတက်ပြီး လွှတ်ရင်ပြန်ကျတဲ့ error ကို Pm ic အပူပေးရုံဖြင့်တခါတည်း power နိုးသွားတာတွေလည်း ရှိတက်ကြပါတယ် သို့သော် အပူပေးလို့ ပါဝါနိုးတဲ့ Pm ic တွေဟာ ကြာရှည်မခံပါ အသစ်လဲနိုင်လျှင် အကောင်းဆုံးပါ။MTK Cpu နဲ့ တွဲဖက်အသုံးပြုထားတဲ့ Pm ic နံပါတ်များကတော့
MT6323
MT6320
MT6329
MT6318
MT6339
MT6311
MT6326
MT6305
တို့ဖြစ်ကြပါတယ် လက်ညောင်းလို့ Cpu နံပါတ်တွေတော့ မရေးပြတော့ဘူးနော်
(၂) flash tool နဲ့ flash လို့ Computer မှာ
အနီကြောင်း တကြောင်းကိုမြင်ရလျှင် Pm ic ကောင်းသည်ဟု အကြမ်းဖျင်းယူဆနိုင်ပါသည် အနီကြောင်းမှတဆင့် ပန်းရောင် ခရမ်းရောင် အဝါရောင် စတဲ့ အရောင် လေးများပြေးလျှင် Cpu နဲ့ Emmc ကောင်းသည်ဟု ယူဆနိုင်ပါသည်
(၃)flash tool နဲ့ flash လို့ အနီနဲ့ အခြားအရောင်များပြေးပြီး အဝါရောင် မျဉ်းကြောင်းရောက်မှ ရပ်သွားပြီး flashtool မှ error စာသားပြလျှင် Emmc Error ဟုသတ်မှတ်နိုင်ပါသည်။
Software နည်းပညာဟာ ကျယ်ပြန့်လွန်တဲ့ အတွက် firmware နဲ့ flash tool version မကိုက်ရင် error massage box တွေပြတက်ပါတယ် ဥပမာ
error 5054
error 4032
error 4008
error 3149
error 3168
ဆိုပြီး error massage box ပြတိုင်း hardware error လို့တသမက်တည် မသက်မှတ်စေချင်ပါ flash tool version အစုံနဲ့စမ်ပြီးမှသာလျှင် hardware ပြစ်ချက်ကိုစဉ်စားစေချင်ပါတယ်။
တခါတရံ Mtk ဖုန်းများသည် အောက်လွတ်ကျခြင်း power မပိတ်ဘဲ battery ဆွဲဖြုတ်ခြင်း power မပိတ်ဘဲ sim ကဒ် နှင့် memory ကဒ် ဆွဲဖြုတ်မိခြင်းတို့ကြောင့် အကြောင်းပြချက်မရှိ dead သွားသော ဖုန်းများကိုလည်း မျက်မြင်ကြုံတွေ့ဖူးပါသည် ထိုဖုန်းအများစုကတော့ power key နှိပ်လျှင် 0.2A လောက်ထိ တက်ပြီး လွှတ်ရင်ပြန်ကျတက်ပါတယ် ၄င်းဖုန်းတွေကိုတော့ Firmware Flash ရုံဖြင့် ပုံမှန်အတိုင်း အဆင်ပြေသွားတာကိုလည်းကြုံခဲ့ဖူးပါသည်။
ယခု Software error ကြောင့် မဟုတ်ဘဲ 0.2A ထိတက်ပြီး key လွှတ်ရင် ပြန်ကျတဲ့ အခြား Hardware error တွေရှိပါသေးသည် ကြိုးစားပြီး ဆက်လက်ရေးသားပါအုံမည်
အပိုင်း(၃)ကို စောင့်မျှော်ကြပါရန်
ref : စိုး မင်း ဦး
https://www.facebook.com/myat.taunggyi
No comments:
Post a Comment